မြန်မာနိုင်ငံ၏ (AML/CFT)လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၅ ချက်သာကျန်ရှိ

Credit to Popular Journal - အဆိုပါ၅ချက်အား ၂၀၂၆ ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် လျာထားဟုဆို မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၅ ချက်သာကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ဖေဖေါ်ဝါရီ ၅ ရက်ကကျင်းပသည့် အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT)လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့်လက်နက်များပြန့်ပွားရေးကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(APG)၏ အကြံပြု ချက်များအတိုင်း ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် FATF နှင့် APG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များတိုးမြှင့်ပေးလျက်ရှိကြောင်းကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က ၅-၆-၂၀၂၄ ရက်နေ့၊ ၉-၆-၂၀၂၄ ရက်နေ့၊ ၅-၁၁-၂၀၂၄ ရက်တို့တွင် သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ထပ်မံ၍လည်း မြန်မာနိုင်ငံ၏ AML/ CFT […] The post မြန်မာနိုင်ငံ၏ (AML/CFT)လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ရန် အချက် ၅ ချက်သာကျန်ရှိ appeared first on Popular .