လဲချားမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံသူတို့ကိုထပ်မံဖမ်းဆီးရမိ

Credit to Popular Journal - ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံသူတို့ကို မတ် ၂၀ ရက်ညပိုင်းကထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ကောင်းစံကျေးရွာ၏ အနောက်ဘက် မီတာ(၁,၇၀၀)ခန့်အကွာ၌ တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံ သား(၂၃)ဦးနှင့် ဗီယက်နမ်နိုင်ငံသူ(၁)ဦး၊ မြောက်ဘက် မီတာ(၁,၁၀၀)ခန့်အကွာ၌ တရုတ်နိုင်ငံသား(၂၆)ဦးတို့ကိုထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ The post လဲချားမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများနှင့် ဗီယက်နမ်နိုင်ငံသူတို့ကိုထပ်မံဖမ်းဆီးရမိ appeared first on Popular .