အဆင့်မြင့်ပညာဦးစီးဌာနတွင် ပိုက်ကျော်ခြင်း ဒိုင်လူကြီး သင်တန်းဖွင့်လှစ်

Credit to Popular Journal - တက္ကသိုလ်တိုင်းတွင် အားကစားနည်းပြများရှိမှသာလျှင် တက္ကသိုလ်များ၏အားကစားအဆင့်အတန်းလည်း တိုးတက်လာမည်ဖြစ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်းကို ယမန်နေ့က နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာတက္ကသိုလ်အားကစားအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အခြားဆုတံဆိပ်များအပြင် ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ) ကစားနည်းတွင် ရွှေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်း (လေးယောက်တွဲ) ကစားနည်းတွင် ငွေတံဆိပ်တစ်ခုတို့ကို ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြောသည်။ ယခုဖွင့်လှစ်သည့်သင်တန်းသည် ပိုက်ကျော်ခြင်းအားကစားနည်း၏ ဒိုင်လူကြီးနှင့် နည်းပြအရည်အသွေးများကို ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တိုင်းတွင် အားကစားနည်းပြများရှိမှသာလျှင် တက္ကသိုလ်များ၏ အားကစားအဆင့်အတန်းလည်း တိုးတက်လာမည်ဖြစ်သဖြင့် အားကစားနည်းမျိုးစုံကျွမ်းကျင်သော ဒိုင်လူကြီးများ၊ အားကစားနည်းပြများကို ဆက်လက်လေ့ကျင့် မွေးထုတ်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။ အဆိုပါ […] The post အဆင့်မြင့်ပညာဦးစီးဌာနတွင် ပိုက်ကျော်ခြင်း ဒိုင်လူကြီး သင်တန်းဖွင့်လှစ် appeared first on Popular .