ပဲခူးအချုပ်ထောင် နှင့် ပဲခူးမြို့ မရဲစခန်းအချုပ်ခန်းကို MNHRC သွားရောက်စစ်ဆေး

Credit to Popular Journal - ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို မြန်မာနိုင်ငံ အမျိုးသားလူအခွင့်ရေးကော်မရှင် ( MNHRC) အဖွဲ့ဝင် ဦးတင်အောင်ဦးဆောင်သည့်အဖွဲ့က ကော်မရှင် ဥပ‌ဒေပုဒ်မ ၄၃၊၄၄ ပြဌာန်းချက်များနှင့် အညီ ယမန်နေ့ က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ ပဲခူးအချုပ်ထောင်၌ အကျဉ်းသားများအား အိပ်ဆောင်များ၌ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု၊ သန့်ရှင်းသော သောက်ရေပေးဝေမှုနှင့် ချိုးရေ၊ သုံးရေလုံလောက်စွာရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေများကို အကျဉ်းသားအချုပ်သားများနှင့် တွေ့ဆုံပြီး မေးမြန်းခဲ့ကြောင်း လည်း သိရသည်။ မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ပေးမှု၊ ယုံကြည်ရာကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ရမ်ဇာန်ဥပုသ်ကာလ အစ္စလာမ်ဘာသာဝင် ၁၁ ဦးတို့၏ ဝတ်ပြုကိုးကွယ်နေမှု၊ အစားအသောက်စီစဉ်ပေးမှု၊ […] The post ပဲခူးအချုပ်ထောင် နှင့် ပဲခူးမြို့ မရဲစခန်းအချုပ်ခန်းကို MNHRC သွားရောက်စစ်ဆေး appeared first on Popular .