ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုး “ရေ” ရရှိရေး ဆောင်ရွက်ပေးနေ

Credit to Popular Journal - နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေ‌ရေးတို့အတွက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ နှစ်စဉ်အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဆောင်ရွက်မှုအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ‌ငွေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု၊ လှည်းတိုးကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၂၀ အတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုကို ရှမ်းပြည်နယ် ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထိုနောက် ရေရရှိရေးလုပ်ငန်းရေရှည်တည်မြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို ကျေးရွာစိုက်ပျိုးရေးတာဝန်ခံများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် […] The post ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ဆိုလာစနစ်ဖြင့် စိုက်ပျိုး “ရေ” ရရှိရေး ဆောင်ရွက်ပေးနေ appeared first on Popular .