တာချီလိတ်မြို့တွင် ကျပ် ၉ ဘီလီယံ နီးပါးတန်ဖိုးရှိ WY ဆေးပြားများပိုင်ရှင်မဲ့ဖမ်းဆီးရမိ

Credit to Popular Journal - ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ကျပ် (၉) ဘီလီယံ နီးပါးတန်းဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများကို မတ်လ ၂၁ ရက်နေ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ နိုင်ငံတစ်ဝန်းမူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်ရောင်းဝယ်မှု တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အင်တိုက်အားတိုက် စဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း သိရသည်။ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ပိတောက်လမ်းမြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ်မော်တော်ယာဉ် သုံးစီးရပ်တန့်ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင်မော်တော် ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်အလုံး ၃၀ (ဆာလာအိတ်တစ်လုံးလျှင် ဆေးပြားနှစ်သိန်းပါ) စိတ်ကြွရူးသွပ် […] The post တာချီလိတ်မြို့တွင် ကျပ် ၉ ဘီလီယံ နီးပါးတန်ဖိုးရှိ WY ဆေးပြားများပိုင်ရှင်မဲ့ဖမ်းဆီးရမိ appeared first on Popular .