ဟော်မုဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တို-က်ခိုက်မည်ဟု ထရမ့် ခြိမ်းခြောက်ပြန်

Credit to Popular Journal - အီရန်နိုင်ငံအနေဖြင့် ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့ထားခြင်းအား လာမည့် ၄၈ နာရီအတွင်း ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို “တိုက်ခိုက်ချေမှုန်းမည်” ဟု သမ္မတ ထရမ့်က ခြိမ်းခြောက်ပြောကြားလိုက်သည်။ ကမ္ဘာ့နိုင်ငံများအတွက် အရေးပါသော အဆိုပါ ရေနံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ထိုသို့ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်သို့ မြင့်တက်သွားခဲ့သည်။ အမေရိကန်နှင့် အစ္စရေးစစ်တပ်များ၏ ပြင်းထန်သော ဝေဟင်မှ တိုက်ခိုက်မှုများ ရှိနေသော်လည်း အီရန်အစိုးရသည် ဤပိတ်ဆို့မှုမှတစ်ဆင့် စီးပွားရေးအရ တန်ပြန်ထိခိုက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ အစ္စရေးနိုင်ငံတွင်မူ စနေနေ့က အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒ-ဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများ ပျ-က်စီးခဲ့သည်။ အစ္စရေး လေကြောင်းကာကွယ်ရေးစနစ်သည် အနည်းဆုံး ဒုံးကျည်နှစ်စင်းကို ကြားဖြတ်မဟန့်တားနိုင်ခဲ့ဘဲ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတို-က်ခိုက်မှုများထဲမှ တစ်ခုသည် Negev […] The post ဟော်မုဇ် ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်မဖွင့်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တို-က်ခိုက်မည်ဟု ထရမ့် ခြိမ်းခြောက်ပြန် appeared first on Popular .