Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူ

Credit to Popular Journal - Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူလိုက်ကြောင်း သိရသည်။ လှဘုန်းဦးသည် Myanmar National League II 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံး ကစားသမားဆုရရှိခဲ့သည့် သူတစ်ဦးဖြစ်ပြီး၊ ထိုသို့ခေါ်ယူမှုသည်မြန်မာလက်ရွေးအသင်း၏ ပထမဆုံးအကြိမ် ပဏာမလူစာရင်းအတွင်းရွေးချယ်ခေါ်ယူခြင်းဖြစ်ကြောင်း နေရှင်နယ်လိဂ်ကော်မတီ၏ အသိပေးချက်အရ သိရသည်။ လှဘုန်းဦးသည် ကျောနံပါတ်(၁၁)ကိုဝတ် ဆင်ကစားမည်ဖြစ်ပြီး၊ ၎င်းသည်သွင်းဂိုး (၂၂) ဂိုးသွင်းယူပြီး ချင်းလန်းအသင်း လိဂ်-၂ အမှတ်ပေးချန်ပီယံဖြစ်စေရန် ကူညီပေးနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ မြန်မာအသင်းသည် မတ်လ (၂၆) ရက်တွင် အာဖဂန်နစ္စတန်၊ မတ်လ (၃၁) ရက်တွင် ပါကစ္စတန်အသင်းတို့နှင့်၂၀၂၇ အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်များယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။ The post Myanmar National League II ချင်းလန်းအက်ဖ်စီအသင်းတိုက်စစ်မှူး လှဘုန်းဦးကို မြန်မာလက်ရွေးစင်အသင်းသို့ ခေါ်ယူ appeared first on Popular .