Credit to Popular Journal - ရုံးပိတ်ရက်ရှည်နှင့် မြန်မာနှစ်သစ်ကူး သကြင်္န်ပွဲတော်ကာလအတွင်း လည်ပတ်ရမည့် ပြည်တွင်းခရီးစဉ်များအတွက် ခရီးစဉ်များဖျ-က်သိမ်းပါက ငွေပြန်အမ်းပေးမည်ဟု ခရီးသွားလုပ်ငန်းအချို့ကြေညာလာသည်။ “အများကြီး မေးကြတာပေါ့နော်၊ လိုက်မယ့်လူတွေဘက်ကရော၊ ကျွန်မတို့ဘက်ကတော့ လောင်စာဆီ မရလို့ ခရီးစဉ်ဖျ-က်ရမယ်ဆိုရင် ငွေပြန်အမ်းပေးပါ့မယ်လို့ လိုက်ပါသူတွေကို ခရီးစဉ်ဝယ်ကတည်းက ကြိုတင်အသိပေးထားပါတယ်” ဟု ခရီးစဉ် စီစဉ်သူတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ထို့အတူ လောင်စာဆီအခက်အခဲ ပြဿနာကြောင့် အဝေးပြေးယာဉ်လိုင်းများ၏ ကားလက်မှတ်ခလည်း မြင့်တက်လာနေသည်။ “အထူးကားတွေဆို ၄ သောင်းကျော်သွားပြီ ရိုးရိုးကားတွေလည်း စျေးတက်ကုန်တယ်” ဟု ယာဉ်လိုင်းများထံမှ ပေါ်ပြူလာနယူးစ်က စုံစမ်းသိရှိရသည်။ လက်ရှိ၌ ရန်ကုန်မြို့၊ မန္တလေးမြို့အပါအဝင် မြို့ကြီးအများစုတွင် စက်သုံးဆီဝယ်ယူနိုင်ရန် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရသည်။ မတ် ၂၀ ရက်က စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စျေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ […] The post လောင်စာဆီပေါ် မူတည်၍ ခရီးစဉ်များဖျ-က်သိမ်းပါက ငွေပြန်အမ်းပေးမည်ဟု ခရီးသွားလုပ်ငန်းအချို့ကြေညာလာ appeared first on Popular .