Credit to Popular Journal - အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစျေးနှုန်း မြင့်တက်မှုနှင့်အညီ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကစက်သုံးဆီစျေးနှုန်းများကို လိုက်လံမြှင့်တင်နေချိန်တွင် Cnergy ဆီဆိုင်များ၏ စက်သုံးဆီနှင့် ဒီဇယ်စျေးနှုန်းများမှာ ပိုမိုသက်သာကြောင်း ယာဉ်မောင်းများ သိရှိသွားပြီးနောက် ပြီးခဲ့သည့်တစ်ပတ်အတွင်း Cnergy ကိုပိုင်ဆိုင်သည့် Union Gas ၏ ရှယ်ယာစျေးမှာ ၄၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့သည်။ စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းပေါက်ထားသော Union Gas ၏ ရှယ်ယာစျေးနှုန်းများသည် မတ်လ ၂၀ ရက်နေ့တွင် မြင့်တက်လာခဲ့ပြီး နှစ်နှစ်တာအတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့သည်။ ယင်းမှာ စင်ကာပူရှိ အဆိုပါကုမ္ပဏီပိုင် Cnergy စက်သုံးဆီဆိုင်များတွင် ဆီဖြည့်ရန်တန်းစီစောင့်ဆိုင်းနေသည့် ကားတန်းများ ရက်ဆက်ရှိနေခြင်းနှင့်အတူ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ Union Gas သည် Queensway၊ Dunman Road နှင့် Old Toh Tuck […] The post အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စင်ကာပူတွင်လည်း ဈေးသက်သာသောဆိုင်များတွင် ဆီတန်းစီသူများပြား appeared first on Popular .