ရှမ်းယူနိုက်တက်အသင်းသည် အာရှဒေသတွင်း ကလပ်အ သင်းများအတွက် စံနမူနာပြဖြစ်ကြောင်း FIFA ဥက္ကဋ္ဌ ဂုဏ်ပြုစကား ပြောကြား

Credit to Popular Journal - ရှမ်းယူနိုက်တက်အသင်းသည် အာရှဒေသတွင်း ကလပ်အ သင်းများအတွက် စံနမူနာပြအသင်း တစ်သင်းဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌက ဂုဏ်ပြုစကား ပြော ကြားခဲ့ကြောင်း သိရသည်။ သမိုင်းဝင် အောင်မြင်မှုကို အသိအမှတ်ပြု ချီးမြှင့်ပေးသည့်အတွက် FIFA ဥက္ကဋ္ဌကို အထူးကျေးဇူးတင်ရှိကြောင်း ရှမ်းယူနိုက်တက်အသင်းက ယနေ့ မတ်လ (၂၂) ရက်တွင် အသိ ပေးထားသည်။ ရှမ်းယူနိုက်တက်အသင်း၏ အောင်မြင်မှုသည် တစိုက်မတ် မတ် ကြိုးစားမှုကို သက်သေပြနေခြင်းဖြစ်သလို ကစားသ မားများနှင့် နည်းပြများ၏ ထူးချွန်မှုကို အသိအမှတ်ပြုခံရခြင်းဖြစ်သည်ဟု မှတ်ယူကြောင်းလည်း အသင်းက ဆိုထား သည်။ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်သမိုင်းတလျှောက် (၆)ရာသီဆက်တိုက် ချန်ပီယံဖြစ်ခဲ့သလို ပွဲပေါ င်း (၁၀၀) ဆက်တိုက် ရှုံးပွဲမရှိ စံချိန်ချိုးနိုင်ခဲ့သည့် အသင်းလည်းဖြစ်သည်။ The post ရှမ်းယူနိုက်တက်အသင်းသည် အာရှဒေသတွင်း ကလပ်အ သင်းများအတွက် စံနမူနာပြဖြစ်ကြောင်း FIFA ဥက္ကဋ္ဌ ဂုဏ်ပြုစကား ပြောကြား appeared first on Popular .