KIP ဆိပ်ကမ်းသို့ဆိုက်ကပ်လာသည့် MT TIRTASARI ဆီတင်သင်္ဘောပေါ်မှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကိုချနေ

Credit to Popular Journal - ရန်ကုန်မြို့ရှိ K.I.P Port သို့ဆိုက်ကပ်လာခဲ့သော MT TIRTASARI ဆီတင်သင်္ဘောကြီးပေါ်မှတင်ဆောင်လာသော စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကို မတ် ၂၁ ရက်ည ၁၁ နာရီခန့်မှစတင်ကာ ကုန်ချမှုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ယနေ့ မတ် ၂၂ ရက်ည ၁၁ နာရီခန့်တွင်ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်္ဘောပေါ်တွင်ပါရှိသည့် စားသုံးဆီများ၏ အရည်အသွေးနှင့် အလေးချိန်တိကျမှန်ကန်မှုရှိစေရန် ေစားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကြီးကြပ်ရေးလုပ်ငန်းကော်မတီမှဦးဆောင်၍ မြန်မာနိုင်ငံဆီကုန် သည်နှင့်ဆီလုပ်ငန်းရှင်များအဖွဲ့၊ စားသုံးသူ‌ရေးရာ ဦး စီးဌာန၊ ကန်ကြီးကြပ်ရေးအဖွဲ့နှင့် MITS အဖွဲ့တို့မှကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ယင်း MT TIRTASARI သင်္ဘောသည် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိစေရန်နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများအ တွက်လိုအပ်သော ကုန်ကြမ်းများအချိန်မီဖြန့်ဖြူးနိုင်ရန်ရည်ရွယ်၍ ဆိုက်ကပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The post KIP ဆိပ်ကမ်းသို့ဆိုက်ကပ်လာသည့် MT TIRTASARI ဆီတင်သင်္ဘောပေါ်မှ စားသုံးဆီနှင့် စက်မှုကုန်ကြမ်းများကိုချနေ appeared first on Popular .