အစ္စရေး၊ အမေရိကန်-အီရန် စစ်ပွဲကြောင့် ပင်လယ်နီကေဘယ်ကြိုးများမှတစ်ဆင့် အင်တာနက် ပြတ်တောက်နိုင်ခြေရှိ

Credit to Popular Journal - အစ္စရေး၊ အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် တတိယပတ်ထဲသို့ ရောက်ရှိလာပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဒုံးကျည်များ၊ ရေနံနှင့် စစ်ရေးပစ်မှတ်များထက် ကျော်လွန်သွားနိုင်မည်ကို စိုးရိမ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းဒေသ၏ ပင်လယ်ရေအောက်တွင် အရှေ့အလယ်ပိုင်းဒေသသာမက တစ်ကမ္ဘာလုံးသို့ အင်တာနက် ဖြန့်ဝေပေးနေသော ကေဘယ်ကြိုးများ ရှိနေခြင်း‌ကြောင့်ပင်ဖြစ်သည်။ ပဋိပက္ခသည် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံများဆီသို့ ကူးစက်လာနေသည့် အသိသာဆုံး လက္ခဏာမှာ ပြီးခဲ့သည့်အပတ်က Meta(Facebook) ၏ ထုတ်ပြန်ချက်ဖြစ်သည်။ အာဖရိကနှင့် ပင်လယ်ကွေ့ဒေသ တစ်လျှောက် အင်တာနက် ချိတ်ဆက်မှု တိုးမြှင့်ရန် စီစဉ်ထားသည့် ကီလိုမီတာ ၄၅,၀၀၀ ရှည်လျားသော 2Africa အောက်ခြေကေဘယ်လ် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းကို ရပ်နားထားကြောင်း Meta က Bloomberg သတင်းဌာနသို့ အတည်ပြုခဲ့သည်။ ယခု ရပ်နားလိုက်သော […] The post အစ္စရေး၊ အမေရိကန်-အီရန် စစ်ပွဲကြောင့် ပင်လယ်နီကေဘယ်ကြိုးများမှတစ်ဆင့် အင်တာနက် ပြတ်တောက်နိုင်ခြေရှိ appeared first on Popular .