ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့်ဆီသန့် စင်ခြင်းစက်ရုံကို ဒဂုံဆိပ်ကမ်းတွင်ဖွင့်လှစ်

Credit to Popular Journal - ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရန်ကုန်တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် Mandalay Global Network Distribution Co, Ltd. (MGND)ကုမ္ပဏီမှဖွဲနုဆီထုတ်လုပ်သည့်စက်ရုံတွင် ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်းစက်ရုံကို မတ် ၁၉ ရက်နံနက်ပိုင်းကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ဖွဲနုအပါအဝင် ဆီထွက်သီးနှံများမှ အရည်အသွေးမြင့်စားသုံးဆီများထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြင့်ဘေးထွက်ပစ္စည်းများဖန် တီးနိုင်ခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်စေရန်နှင့်ဒေသတွင်း စီးပွားရေး၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုး တက်ရန်တို့ကိုအထောက်အကူပြုနိုင်မည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စက်ရုံကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ တာဝန်ရှိသူများနှင့် Mandalay Global Network Distribution Co, Ltd. (MGND)မှ CEO ဦးထွန်းထွန်းဝင်းတို့ကဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြပြီးနောက်ဆီကြမ်းထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ခြင်းစက်ရုံအတွင်း ထုတ်လုပ်ပုံအဆင့်ဆင့်ဆောင်ရွက်နေမှုများကိုကြည့်ရှုခဲ့ကြကြောင်း သိရသည်။ The post ဓာတုနည်းစဉ်ဖြင့် ဆီကြမ်းထုတ်လုပ်ခြင်းနှင့်ဆီသန့် စင်ခြင်းစက်ရုံကို ဒဂုံဆိပ်ကမ်းတွင်ဖွင့်လှစ် appeared first on Popular .