အမေရိကန်က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ပါက အရှေ့အလယ်ပိုင်းရှိ ရေနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမည်ဟု အီရန် ကတိပေး

Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “နှစ်ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝ ပြန်မဖွင့်ပေးပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အမြစ်ပြတ်ချေမှုန်းမည်” ဟု ခြိမ်းခြောက်ခဲ့ပြီးနောက်၊ အမေရိကန်က ထိုသို့လုပ်ဆောင်လာပါက အရှေ့အလယ်ပိုင်းတစ်ဝှမ်းရှိ အရေးပါသော ရေပေးဝေရေးစနစ်များအပါအဝင် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများကို “ပြန်လည်ပြုပြင်၍မရနိုင်အောင် ဖျက်ဆီးပစ်မည်” ဟု အီရန်အစိုးရက ပြောကြားလိုက်သည်။ စစ်ပွဲ၏ စတုတ္ထပတ်အတွင်းသို့ ရောက်ရှိလာချိန်တွင် အီရန်၏ ဒုံးကျည်များက အစ္စရေးတောင်ပိုင်းရှိ မြို့ကြီးနှစ်မြို့ကို ညတွင်းချင်း ထိမှန်ခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် အီရန်သည် အဝေးထိန်းဒုံးကျည်များကို ပထမဆုံးအကြိမ် စတင်အသုံးပြုလာခဲ့ရာ၊ နှစ်ဖက်စလုံးက လူသန်းပေါင်းများစွာ မှီခိုနေရသော အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေခြင်းကြောင့် စစ်ပွဲသည် ပို၍အန္တရာယ်ကြီးမားသော အခြေအနေသို့ ကူးစက်လာနေပြီဖြစ်သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf က တနင်္ဂနွေနေ့တွင် […] The post အမေရိကန်က အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်ပါက အရှေ့အလယ်ပိုင်းရှိ ရေနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးမည်ဟု အီရန် ကတိပေး appeared first on Popular .