ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့စည်း

Credit to Popular Journal - ‎တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့ကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(မတ်လ ၂၃ ရက်)တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဥပဒေကြမ်း ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ နန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး အပါအဝင် အဖွဲ့ဝင် (၁၅)ယောက်ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ထို့အတူ ပြည်သူ့ငွေစာရင်းကော်မတီ၌ အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ် အပါအဝင် အဖွဲ့ဝင် (၁၅)ယောက်ဖြင့် ဖွဲ့စည်းထားသည်။ ထို့နောက် ဖွဲ့စည်းလိုက်သည့် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ […] The post ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့စည်း appeared first on Popular .