တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့တွင် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်

Credit to Popular Journal - (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌ (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်လှစ်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ သိရသည်။ အဆိုပါ တိုင်းရင်းဆေးရုံသစ်ကို မတ်လ(၂၁)ရက်က ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ဖွင့်ပွဲသို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှုးချုပ်အောင်ကိုဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။ ထို့နောက် အဆိုပါဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်က တိုင်းရင်းဆေးရုံသစ်ဖွင့်လှစ်ပေးရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ The post တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့တွင် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့် appeared first on Popular .