အီရန်အရေးတွင် နေတိုးအဖွဲ့ (NATO) ဘာမှဝင်မပါဟု အမေရိကန်သမ္မတ စွပ်စွဲ
Popular Journal

အီရန်အရေးတွင် နေတိုးအဖွဲ့ (NATO) ဘာမှဝင်မပါဟု အမေရိကန်သမ္မတ စွပ်စွဲ

Credit to Popular Journal - အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အနေဖြင့် ဘာမှဝင်မပါဘဲ ငြိမ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုလိုက်သည်။ “နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အခုဆိုရင် စစ်ရေးအရ ပျက်စီးသွားပြီဖြစ်တဲ့ အီရန်နိုင်ငံကို တို-က်ခိုက်တာနဲ့ ပတ်သက်ပြီး ကူညီဖို့ ဘာတစ်ခုမှ လုပ်ဆောင်ခဲ့တာ မရှိပါဘူး။ အမေရိကန်အနေနဲ့ နေတိုးဆီက ဘာမှမလိုအပ်ပေမဲ့ ဒီအရေးကြီးတဲ့ အချိန်အခါကိုတော့ ခင်ဗျားတို့ ‘ဘယ်တော့မှ မမေ့ပါနဲ့’ ” ဟု သူ၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ယခင်ကလည်း ဟော်မုဇ်ရေလက်ကြားရှိ ဖြစ်နိုင်ခြေရှိသော ရေကြောင်းစစ်ဆင်ရေးတွင် ဥရောပမဟာမိတ်များက ပူးပေါင်းရန် ငြင်းဆိုခဲ့ခြင်းကြောင့် သမ္မတထရမ့်က နေတိုးအဖွဲ့ကို “စက္ကူကျား” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က […] The post အီရန်အရေးတွင် နေတိုးအဖွဲ့ (NATO) ဘာမှဝင်မပါဟု အမေရိကန်သမ္မတ စွပ်စွဲ appeared first on Popular .

Go to News Site