Popular Journal
Credit to Popular Journal - မော်စကို၊ မတ်လ ၂၆ ရက် လက်ရှိဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းပဋိပက္ခများ၏ နောက်ဆက်တွဲအကျိုးဆက်များကို ခန့်မှန်းရန် ခက်ခဲကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပူတင်က ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူများပင်လျှင် ယုံကြည်စိတ်ချရသော ခန့်မှန်းချက်များကို မထုတ်ပြန်နိုင်ကြကြောင်း၊ ထို့ကြောင့် ရုရှားအနေဖြင့် ရှေ့ဆက်ဖြစ်ပေါ်လာမည့်အခြေအနေများကို အကဲဖြတ်ရန်မှာ ပို၍ပင်ခက်ခဲကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ တေရန်နှင့် အခြားအီရန်မြို့ကြီးများကို တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းတင်းမာမှုများ မြင့်တက်လာခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် အီရန်၏ ထိပ်သီးခေါင်းဆောင် အလီခါမေနီအပါအဝင် စစ်ဘက်အရာရှိကြီးများနှင့် အရပ်သားများ သေဆုံးခဲ့သည်။ အီရန်ကလည်း အရှေ့အလယ်ပိုင်းရှိ အစ္စရေးနှင့် အမေရိကန်အခြေစိုက်စခန်းများကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည့်အပြင်ဟော်မုဇ်ရေလက်ကြားကိုပါ တင်းကျပ်စွာ ထိန်းချုပ်လိုက်သဖြင့် […] The post အရှေ့အလယ်ပိုင်းပဋိပက္ခ၏အကျိုးဆက်များကိုခန့်မှန်းရန်ခက်–ပူတင် appeared first on Popular .
Go to News Site