ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်
Popular Journal

ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

Credit to Popular Journal - ယခုသီတင်းပတ်ကာလဖြစ်သည့် မတ်လ ၂၇ ရက် မှ ဧပြီ ၂ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၆၄၀ ကျပ် ဖြစ်ကြောင်း စားအုန်းဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် အပတ်ကထက် စျေးအနည်းငယ်မြင့်တက်လာခြင်းဖြစ်ပြီး ယခင်အပတ်က စျေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၆၀၀ ဖြစ်သည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလထဲတွင် စားအုန်းဆီဈေးသည် တစ်ပိဿာကျပ် ၅၂၅၀ ဖြစ်ပြီး မတ်လထဲတွင် အနည်းငယ်မြင့်တက်လာခြင်းလည်း ဖြစ်သည်။ စားအုန်းဆီကို ပြည်ပမှ ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် […] The post ယခုတစ်ပတ်ရောင်းချမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက် appeared first on Popular .

Go to News Site