Popular Journal
Credit to Popular Journal - ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် မတ်လကုန်နှင့် ဧပြီလအတွင်း နေ့အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်အရ သိရသည်။ အဆိုပါဒေသများတွင် နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရောက်ရှိနိုင်ပြီး နေ့အပူပြင်းထန်သော မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်ရန် သတိပေးထားသည်။ အပူချိန်မြင့်တက်ခြင်းနှင့် ခရမ်းလွန်ရောင်ခြည် တိုးမြင့်ကျရောက်မှုကြောင့် အပူရှပ် (Heat Stroke) ဖြစ်ပွားနိုင်ခြင်း၊ ဦးနှောက်သွေးကြောပြတ်နိုင်ခြင်း၊ သတိလစ်ခြင်း၊ ကြွက်တက်ခြင်းနှင့် နွမ်းနယ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ထို့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်မှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နေပူပြင်းထန်ချိန်များတွင် အပြင်မထွက်ရန်၊ ရေများများသောက်သုံးရန်နှင့် အပူဒဏ်ကာကွယ်ရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် လိုအပ်ကြောင်း အကြံပြုထားသည်။ The post ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတွင် အပူချိန် ၄၀ ဒီဂရီကျော်ထိမြင့်တက်နိုင်၍ နေပူထဲမထွက်ရန် သတိပေး appeared first on Popular .
Go to News Site