မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်နှင့် စင်ကာပူ ဦးဆောင်နေ
Popular Journal

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်နှင့် စင်ကာပူ ဦးဆောင်နေ

Credit to Popular Journal - မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်နှင့် စင်ကာပူနိုင်ငံတို့က အဓိက ဦးဆောင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၂၀၆ သန်း ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် အများဆုံးဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းတွင်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်ရှိခဲ့ပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် ဒုတိယအများဆုံးဖြစ်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံနှင့် ဒေသပေါင်း ၅၃ ခုမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ထားပြီး ယင်းတို့အနက် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် ရင်းနှီးမြှုပ်နှံမှုအများဆုံး […] The post မြန်မာ့ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် တရုတ်နှင့် စင်ကာပူ ဦးဆောင်နေ appeared first on Popular .

Go to News Site