ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးအားကစားနည်းကို အရှိန်အဟုန်မြှင့် ဆက်လက်လေ့ကျင့်နိုင်စေရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်
Popular Journal

ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးအားကစားနည်းကို အရှိန်အဟုန်မြှင့် ဆက်လက်လေ့ကျင့်နိုင်စေရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ပြန်လည်ဖွင့်လှစ်ပေးသွားမည်

Credit to Popular Journal - အားလပ်ချိန်တွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးအားကစားနည်းကို အရှိန်အဟုန်မြှင့် ဆက်လက်လေ့ကျင့်နိုင်စေရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံ၍ အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားပြီး နိုင်ငံတကာ ရေကူးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုတံဆိပ်များ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ် မြှင့်တင်ပေးနိုင်သည့် ရေကူးအားကစားသမားများဖြစ်အောင် ဆက်လက် ကြိုးစားသွားကြရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ပြောသည်။ ရေကူးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အရေးကြုံက သက်လုံကောင်းစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအခြေခံရေကူးသင်တန်း သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီး ဦးထိန်လင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ တစ်ပြည်လုံးအတိုင်းအတာဖြင့် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေခြင်းအပြင် […] The post ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးအားကစားနည်းကို အရှိန်အဟုန်မြှင့် ဆက်လက်လေ့ကျင့်နိုင်စေရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ပြန်လည်ဖွင့်လှစ်ပေးသွားမည် appeared first on Popular .

Go to News Site