Khit Thit Media
ရန်ကုန်၊ မတ် ၂၇ မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် လူဆိုးဂိုဏ်းခေါင်းဆောင် “သွားကျိုး (ခ) Wan Kuok-koi ကို ဗြိတိန်အစိုးရက ယမန်နေ့ ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။ အရှေ့တောင်အာရှတစ်လွှားရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centres) များနှင့် တရားမဝင် ခရစ်ပတို (Crypto) ကွန်ရက်များကို နှိမ်နင်းရန် ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်သည့် ပိတ်ဆို့အရေးယူမှုအသစ်တွင် မြန်မာနိုင်ငံရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသည့် နာမည်ကျော် ထရိုင်ယက် (Triad) ဂိုဏ်းခေါင်းဆောင်ဟောင်း ဝမ်ကော့ကိုင်း (Wan Kuok-koi) ကို ထည့်သွင်းအရေးယူလိုက်ကြောင်း သိရသည်။ “Broken Tooth” (သွားကျိုး) ဟု လူသိများသည့် ဝမ်ကော့ကိုင်းသည် ကမ္ဘာ့အကြီးဆုံး တရုတ်ရာဇဝတ်ဂိုဏ်းကြီးတစ်ခုဖြစ်သော 14K ထရိုင်ယက်၏ မကာအိုဂိုဏ်းခွဲ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည်။ […] The post မြန်မာနိုင်ငံရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းများနှင့် ဆက်နွှယ်နေသည့် တရုတ်လူဆိုးဂိုဏ်းခေါင်းဆောင်ဟောင်း သွားကျိုး (ခ) Wan Kuok-koi ကို ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူ appeared first on Khit Thit Media .
Go to News Site