Khit Thit Media
ရန်ကုန်၊ မတ် ၂၇ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပြောင်းပြရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၅ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြောင်းပြာရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြေားပြာရွာရှိ နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် ပြောင်းပြာရွာနှင့် ယင်းမပင်မြို့ပေါ်ကို ကူးသန်းသွားလာနေဆဲဖြစ်၍ ပြည်သူများသည် ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာနေကြောင်း […] The post ယင်းမာပင်ရှိ ပြောင်းပြာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျ၊ ပေါက်မြို့နယ်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ တိမ်းရှောင်နေရ appeared first on Khit Thit Media .
Go to News Site