Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများရောင်း ချမှု Online Monitoring Center ဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေ
Popular Journal

Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများရောင်း ချမှု Online Monitoring Center ဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေ

Credit to Popular Journal - Bar Code/ QR Code စနစ်ဖြင့် ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများရောင်းချမှုများကို နေပြည်တော်ရှိ Online Monitoring Center မှတစ်ဆင့် အွန်လိုင်းဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်များရှိ တိုင်း/ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများနှင့် ဆက်စပ်ဌာနများပူးပေါင်း၍ စက်သုံးဆီအရောင်းဆိုင်များကိုမြေပြင်ကွင်းဆင်း၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် စက်သုံးဆီဝယ်ယူရာတွင်အခက်အခဲများရှိပါက တိုင်ကြားနိုင်ကာ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီဖြေရှင်းပေးနိုင်ရန် Call Center ဖွင့်လှစ်ထားပြီး နည်းပညာဆိုင်ရာအခက်အခဲများနှင့် အခြားတင်ပြတိုင်ကြားလိုမှုများကို Call Center ဖုန်းနံပတ်များဖြစ်သည့် ဖုန်း – ၀၉ ၄၄၀၄၃၃၃၂၄ ၊ ၀၉ ၈၉၉၁၂၉၂၉၆ ၊ Viber – ၀၉ ၄၀၁၇၄၈၅၉၈ တို့သို့ ဆက်သွယ်တိုင်းကြားနိုင်ကြောင်း သိရသည်။ […] The post Bar Code/ QR Code စနစ်ဖြင့် စက်သုံးဆီများရောင်း ချမှု Online Monitoring Center ဖြင့်စောင့်ကြည့်ထိန်းကျောင်းကြပ်မတ်နေ appeared first on Popular .

Go to News Site