Popular Journal
Credit to Popular Journal - မနီလာ၊ မတ်လ ၂၇ ရက် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများကို မေလ ၈ ရက် နေ့မှ ၉ ရက်နေ့အထိ ဆီဘူးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ရိုမူရယ်ဒေးဇ်မားကို့စ် က အတည်ပြုပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာများက သောကြာနေ့တွင် ဖော်ပြခဲ့သည်။ ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) ၏ သတင်းဖော်ပြချက်အရ သမ္မတမားကို့စ်သည် ကာဗိုက်ပြည်နယ်၊ ဆီလန်းမြို့၌ သောကြာနေ့တွင် အဆိုပါအတည်ပြုချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခနှင့် ဆက်စပ်၍ စက်သုံးဆီအကျပ်အတည်းများဖြစ်ပေါ်နေသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါအစည်းအဝေးကို ဆက်လက်ကျင်းပရန် သဘောတူညီခဲ့ကြကြောင်း မားကို့စ်က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများတွင် စက်သုံးဆီနှင့် စက်သုံးဆီထွက်ပစ္စည်းများ ထောက်ပံ့ဖြည့်တင်းမှု၊ စားနပ်ရိက္ခာ ထောက်ပံ့ ဖြည့်တင်းမှုနှင့် ဈေးနှုန်းများအပြင် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ကိစ္စရပ်များကို အဓိကထား […] The post အာဆီယံထိပ်သီးအစည်းအဝေးမေလတွင်ကျင်းပမည်–မားကို့စ် appeared first on Popular .
Go to News Site