Khit Thit Media
ရန်ကုန်၊ မတ် ၂၈ အကြမ်းဖက် မင်းအောင်လှိုင် စစ်ဦးစီးချုပ်ရာထူးမှ အနားမယူမီ နောက်ဆုံး အမှာစကားတွင် NLD အစိုးရ မဲမသမာမှုကြောင့် စစ်အာဏာသိမ်းရကြောင်း ထပ်မံပြောဆိုသည်။ ယမန်နေ့ ၈၁ နှစ်မြောက် စစ်တပ်နှစ်ပတ်လည်နေ့ အခမ်းအနား ချီတက်ပွဲတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလ ၅ နှစ်တာကာလလုံး မင်းအောင်လှိုင်က ဆက်တိုက် NLD ကို အပြစ် တင်လာခဲ့ခြင်းဖြစ်သည်။ စစ်တပ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းပေးခဲ့သော်လည်း NLD အစိုးရက မဲမသမာမှုပြုလုပ်၍ နိုင်ငံတော်ကို စစ်တပ်က ထိန်းသိမ်းရခြင်းဖြစ်သည်ဟု မင်းအောင်လှိုင်က ဆိုသည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ ၂၀၁၀ ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးပြီး ပြည်သူများ လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ်ကို […] The post မင်းအောင်လှိုင် စစ်ဦးစီးချုပ်ရာထူးမှ အနားမယူမီ နောက်ဆုံးအမှာစကားတွင် NLD အစိုးရ မဲမသမာမှုကြောင့် စစ်အာဏာသိမ်းရဟု ထပ်မံပြောဆိုပြီး စစ်မှု ထမ်းဥပဒေကို ဆက်ကျင့်သုံးမည်ဟု ပြော appeared first on Khit Thit Media .
Go to News Site