အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာဖြစ်ဟု NUG က သတိပေး
Khit Thit Media

အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာဖြစ်ဟု NUG က သတိပေး

ရန်ကုန်၊ မတ် ၂၈ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေးထုတ်ပြန်လိုက်သည်။ ယမန်နေ့က ကျရောက်သည့် (၈၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် အမျိုးသားညီညွတ်ရေးအစိုးရက ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါသဝဏ်လွှာတွင် လွန်ခဲ့သော ၈၁ နှစ်က ဘိုးဘွားများအနေဖြင့် နယ်ချဲ့ဖက်ဆစ်များကို စုစည်းညီညွတ်မှု၊ အပြန်အလှန်ယုံကြည်လေးစားမှုတို့ဖြင့် တိုက်ထုတ်ခဲ့၍ အောင်ပွဲဆွတ်ခူးနိုင်ခဲ့သည့် သမိုင်းသင်ခန်းစာကို ထောက်ပြထားသည်။ ယနေ့အချိန်တွင် တပ်မတော်ဟု အမည်ခံထားသော အဖွဲ့အစည်းသည် ပြည်သူကို ကာကွယ်ရမည့်အစား ရန်သူသဖွယ် သဘောထားကာ ဖက်ဆစ်တို့ထက်ပင် ဆိုးဝါးသော လုပ်ရပ်များကို ကျူးလွန်နေခြင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ သမိုင်းအမည်းစက်ဖြစ်ကြောင်းလည်း ဆိုသည်။ ထို့အပြင် လက်ရှိနွေဦးတော်လှန်ရေးတွင် မျိုးဆက်သစ်လူငယ်များနှင့် တော်လှန်ရေးအင်အားစုများသည် ပြည်သူ့ဆန္ဒကို […] The post အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အဓိကလက်နက်မှာ ပြည်သူလူထု၏ ညီညွတ်မှုအင်အားသာဖြစ်ဟု NUG က သတိပေး appeared first on Khit Thit Media .

Go to News Site