အမေရိကန်သမ္မတထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့
Khit Thit Media

အမေရိကန်သမ္မတထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့

ရန်ကုန်၊ မတ် ၂၈ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒများကို ပြန်လည်သုံးသပ်ပြီး မြန်မာစစ်တပ်ကို ထိရောက်သော အရေးယူမှုများလုပ်ဆောင်ရန်အမေရိကန် လွှတ်တော်အမတ် ၄ ဦးက နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ကြသည်။ မတ်လ ၂၆ ရက်နေ့ အဆိုပါပေးစာကို ပေးပို့ခဲ့ကြခြင်းဖြစ်ပြီး စာပေးပို့သူများတွင် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဂရေဂရီ မိစ်၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ယန်းကင်၊ လွှတ်တော်အမတ် အေမီဘာရာနှင့် တောင်နှင့်အလယ်အာရှ ဆပ်ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဆစ္စနီ ကမ်လာဂျာဒဗ်တို့က ပူးတွဲလက်မှတ်ရေးထိုး တင်ပြခဲ့ကြခြင်းဖြစ်သည်။ လွှတ်တောအမတ်များက လက်ရှိအစိုးရ၏ မူဝါဒပြန်လည်သုံးသပ်မှုတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် ပါတီနှစ်ရပ်စလုံးက သဘောတူညီထားသည့် အကြံပြုချက်များကို တင်ပြခဲ့ကြခြင်း […] The post အမေရိကန်သမ္မတထရမ့်အစိုးရအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြန်လည်သုံးသပ်ပြီး မြန်မာစစ်ကောင်စီကို ထိရောက်သော အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ် ၄ ဦးက စာပေးပို့ appeared first on Khit Thit Media .

Go to News Site