Khit Thit Media
ရန်ကုန်၊ မတ် ၂၈ မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ၁ နှစ်အကြာ အီရန်စစ်ပွဲကြောင့် ငလျင်ဘေးသင့်ပြည်သူများ ဝမ်းရေးဒုက္ခနှင့် ထပ်မံရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်သည် ။ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် တစ်နှစ်ပြည့်မြောက်သည့်အချိန်တွင်၊ ပြန်လည်ထူထောင်နိုင်ရန် ကြိုးပမ်းနေရသည့် ဒေသခံပြည်သူများမှာ အခက်အခဲသစ်များနှင့် ထပ်မံရင်ဆိုင်နေကြရကြောင်း ၊လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် မြေဩဇာဈေးနှုန်းများ မြင့်တက်လာခြင်းသည် ထိခိုက်လွယ်သော မိသားစုများ၏ ဝမ်းရေးကို ပိုမိုကျပ်တည်းလာနေစေခြင်းဖြစ် ကြောင်း သိရှိရသည်။ WFP ၏ နောက်ဆုံးရ လေ့လာသုံးသပ်ချက်များအရ ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်နိုင်မှုအခြေအနေသည် အလွန်အားနည်းနေသေးကြောင်း ၊ငလျင်ဒဏ်သင့်ခဲ့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်းတို့တွင် […] The post မြန်မာနိုင်ငံတွင် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ၁ နှစ်အကြာ အီရန်စစ်ပွဲကြောင့် ငလျင်ဘေးသင့်ပြည်သူများ ဝမ်းရေးဒုက္ခနှင့် ထပ်မံရင်ဆိုင်နေရဟု WFP သတိပေး appeared first on Khit Thit Media .
Go to News Site