Popular Journal
Credit to Popular Journal - ဒီဇယ်အသုံးပြု YBS ကားများကို တစ်ရက်လျှင် ဒီဇယ် လီတာ ၄၀ ဖြည့်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။ ထိုသို့ဆောင်ရွက်ပေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ဖြစ်ပြီး ခေါက်ရေပြည့်မှီအောင်ပြေးဆွဲနိုင်ကာ ထွက်ရှိမည့် ယာဉ်အစီးရေတိုးအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ထိုကားများကို ညပိုင်းတွင် ဆီဖြည့်ပေးမည် ဖြစ်သည်ဟု သိရသည်။ YRTC ၏ အဆိုအရ YBS ယာဉ်လိုင်း ၄၀ ခန့်ထဲမှ ဒီဇယ်အသုံးပြု YBS ကားအစီးရေ ၄၂၃ စီးပြေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။ ဓာတ်ပုံ-ပေါ်ပြူလာနယူးစ် The post YBS ကားများကို တစ်ရက်လျှင် ဒီဇယ် လီတာ ၄၀ ဖြည့်ပေးမည်ဟုဆို appeared first on Popular .
Go to News Site