Popular Journal
Credit to Popular Journal - ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗရော့ဗ်သည် အီရန်စစ်ပွဲကို သံတမန်နည်းလမ်းအရ ဖြေရှင်းချက်ရနိုင်မည့် အလားအလာနှင့်ပတ်သက်၍ သောကြာနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနှင့် ဆွေးနွေးခဲ့သည်ဟု လက်ဗရော့ဗ်၏ ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ “ဝန်ကြီးများသည် အမေရိကနှင့် အစ္စရေးတို့က အပြစ်မရှိဘဲ အီရန်အပေါ် စတင်တို-က်ခိုက်ရာမှ ပေါ်ပေါက်လာသော အရှေ့အလယ်ပိုင်းရှိ အခက်ခဲဆုံး စစ်ရေး-နိုင်ငံရေးအကျပ်အတည်းကို အသေးစိတ်ဆွေးနွေးခဲ့ကြသည်” ဟု ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ နိုင်ငံတကာဥပဒေနှင့် ဒေသတွင်းနိုင်ငံအားလုံး၏ တရားဝင်အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစား၍ ပဋိပက္ခကို နိုင်ငံရေး-သံတမန်ရေးအရ ဖြေရှင်းရန်လမ်းကြောင်းပြောင်းနိုင်မည့် အလားအလာများအပေါ် အမြင်ချင်းဖလှယ်ခဲ့သည်ဟု ဆိုသည်။ များမကြာသေးမီက ရုရှားသည် အီရန်သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တင်ပို့ပေးခဲ့မှုအသေးစိတ်ကိုလည်း လက်ဗရော့ဗ်က အလေးပေးဖော်ပြခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။ ရုရှားနှင့် အီရန်တို့သည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို လွှမ်းခြုံထားသည့် မဟာဗျူဟာမြောက် မိတ်ဖက်သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးထားသော်လည်း […] The post စစ်ပြေငြိမ်းရေးအတွက် ရုရှားနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေး appeared first on Popular .
Go to News Site