နာမည်​ကျော် ပဲခူးဘုရားပွဲကြီး ဇာတ်သဘင်အစုံဖြင့် စတင်ကာ လူပင်လယ်တမျှ စည်ကား
Popular Journal

နာမည်​ကျော် ပဲခူးဘုရားပွဲကြီး ဇာတ်သဘင်အစုံဖြင့် စတင်ကာ လူပင်လယ်တမျှ စည်ကား

Credit to Popular Journal - ယခုနှစ်ပဲခူးဘုရားပွဲကြီးသည် ထူးခြားလှသည့် ဇာတ်သဘင်အပြင်အဆင်များ​ကြောင့်၄င်း၊ ဇာတ်သဘင် တ​ခေတ်ပြန်ဖြစ်လာခြင်း​ကြောင့်၄င်း၊ ပွဲကြီးပွဲ​ကောင်းများ ​တောင့်တ​နေသည့် ပရိတ်သတ်များ​ကြောင်း၄င်း ကြက်ပျံမကျ စည်ကားလွန်းသဖြင့် လုံခြုံရေးကို အထူးစီမံထား​ကြောင်းသိရသည်။ ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်မှလာကြသူများ၊ နာမည်​ကျော်အနုပညာရှင်များပါ ဘုရားပွဲလာ​ရောက်ဆင်နွဲချင်​လောက်​အောင် ၁၂ ပွဲဈေးသည်များစုံလင်ခြင်း၊ များပြားလှသည့် နယ်မှလှည်းတပ်ကြီးများအတွက်လည်း နေရာပါစီစဥ်ထားရသည်။ ပဲခူးသို့ဧည့်ဝင်များပြားမှု​ကြောင့် စား​သောက်ဆိုင်များပင် ၃ ရက်စာ​ စျေးဝယ်ထားသည်များ တရက်ဖြင့်ကုန်ကြ​ကြောင်းနှင့် စားအုန်းဆီအခက်ခဲရှိ​ကြောင်း ဆိုင်အချို့က ဆိုသည်။ ဇာတ်သဘင်အဖွဲ့များ၏ ဖျာပေါက်ဈေးမှာ တသိန်းမှ သုံးသိန်းထိရှိကြ​လေပြီး ဖျာ​သေး​ကြောင်းလည်း​စောဒကတက်ကြသည်။ ယခုနှစ် ထူးခြားမှု ဖြစ်သည့် ဇာတ်လေးဇာတ်​ပေါင်း ​ဖျော်​ဖြေသည့် မင်းသားဖိုးချစ်တို့ ဇာတ်ရုံက ပွဲကြည့်စင်အဆင့်အလိုက် အခိုင်အမာပေါ်တွင် ဆိုဖာခုံများဖြင့် ပြင်ဆင်ခြင်းဖြစ်သည်။ ဆိုဖာ​ရှေ့ရှိ ဖျာ​နေရာက လူကြိုက်ပိုများ​နေကြသည်။ ပွဲလက်မှတ်များလည်း ဆီတန်းဆီသကဲ့သို့ပင် ​နေကုန်​နေခမ်း ​စောင့်ဝယ်ကြရခြင်းဖြစ်သည်။သဘင်သည်တို့မှာလည်း ပရိသတ်အားပေးမှု​ကြောင့် မနက်၈နာရီအထိ […] The post နာမည်​ကျော် ပဲခူးဘုရားပွဲကြီး ဇာတ်သဘင်အစုံဖြင့် စတင်ကာ လူပင်လယ်တမျှ စည်ကား appeared first on Popular .

Go to News Site