ကျောင်း၀င်းအတွင်း လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ မန္တလေးတွင်ပြုလုပ်
Popular Journal

ကျောင်း၀င်းအတွင်း လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ မန္တလေးတွင်ပြုလုပ်

Credit to Popular Journal - မြန်မာ-တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ စီစဉ်သည့် “ကျောင်း၀င်းအတွင်း လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး” အသိပညာပေး ဟောပြောပွဲတစ်ခုကို မန္တလေးမြို့ ၃၂ လမ်း၊ ၆၄ နှင့် ၆၅ ကြားရှိ အောင်ပန်းမြေ ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ကျောင်းသားလူငယ်များအနေဖြင့် လျှပ်စစ်ဓာတ်ကို ပေါ့ဆစွာ မသုံးစွဲရေး၊ လျှပ်စစ်ဓာတ်ကြောင့် ဖြစ်ပွားနိုင်သည့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရေးတို့နှင့် အကယ်၍ ဖြစ်ပွားလာပါက အရေးပေါ်ဆောင်ရွက်ရမည်တို့ကို ရှင်းလင်းလွယ်ကူစွာ သဘောပေါက်နားလည်စေရန် သရုပ်ဖော်ပုံများနှင့်တကွ မြန်မာ-တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက အသိပညာပေး ဟောပြောခဲ့ခြင်းဖြစ်သည်။ အသိပညာပေးဟောပြောပွဲတွင် အရှေ့တောင်အာရှ ရေနံ/သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ ဒုတိယ မန်နေဂျင်းဒါရို-က်တာ မစ္စတာ ကျောက်ဟွာထောင်က အမှာစကားပြောကြားရာ၌ “ကျွန်တော်တို့ ဒီနေ့ ဒီဟောပြောပွဲကို လာလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျောင်းသား/ကျောင်းသူတွေ လျှပ်စစ်မီးကို ဘေးကင်းအောင် […] The post ကျောင်း၀င်းအတွင်း လျှပ်စစ်မီးသုံးစွဲမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ မန္တလေးတွင်ပြုလုပ် appeared first on Popular .

Go to News Site