ပြင်ပ စက်သုံးဆီပေါက်စျေး တစ်လီတာ ၁၅,၀၀၀ ထိ ဖြစ်၊ စက်သုံးဆီ တန်းကာ ပြန်ရောင်းချသူများ ရှိနေ
Popular Journal

ပြင်ပ စက်သုံးဆီပေါက်စျေး တစ်လီတာ ၁၅,၀၀၀ ထိ ဖြစ်၊ စက်သုံးဆီ တန်းကာ ပြန်ရောင်းချသူများ ရှိနေ

Credit to Popular Journal - ယနေ့ ပြင်ပ စက်သုံးဆီစျေးကွက်တွင် တစ်လီတာလျှင် ပေါက်စျေး ၁၅,၀၀၀ ထိ ဖြစ်နေသည်။ စက်သုံးဆီကို အငှားဖြင့် တန်းစီကာ ပြန်လည်ရောင်းချသူများလည်း ရှိလာနေသည်။ “တချို့ hijet တွေ၊ အိုးဝေတွေ ဒါပဲ တိုးနေကြတော့တာ၊ ဘယ်လောက်ရုပ်ပေါက်လဲဆို ဆီဆိုင်မှာ ဆီထည့်ဖို့ ကားပါတွန်းရွှေ့ကြတယ်၊ ဆီထုတ်ရောင်းတာ လက်လွန်ပြီးတော့” ဟု ကိုယ်တိုင်ကြုံသူတစ်ဦးက ပေါ်ပြူလာ နယူစ်းကို ပြောသည်။ သက်ဆိုင်သည့် ဒေသအာဏာပိုင်များအနေဖြင့် ထိုသို့သော ယာဉ်များကို အရေးယူကြပ်မတ်ပါက ဆီတန်းသည့် ကားတန်းပါ တိုသွားနိုင်ကြောင်း တန်းစီသူများကလည်း မှတ်ချက်ပေးသည်။ “တချို့ဆိုင်တွေ ဝန်ထမ်းနဲ့ပေါင်းပြီး QR မဖတ်ဘူးနော်၊ ဆီထုတ်ပြီး ပြန်ရောင်းနေကြတာ၊ ရောင်းသူရှိလို့ မှောင်ခိုဖြစ်လာတာ၊ လိုတဲ့လူတွေက သူတို့ကို တန်းပြီး မကျော်နိုင်တော့ မှောင်ခိုက စျေးကြီးပေးဝယ်ရရော၊ အဲလိုလည်နေတယ်” […] The post ပြင်ပ စက်သုံးဆီပေါက်စျေး တစ်လီတာ ၁၅,၀၀၀ ထိ ဖြစ်၊ စက်သုံးဆီ တန်းကာ ပြန်ရောင်းချသူများ ရှိနေ appeared first on Popular .

Go to News Site