Popular Journal
Credit to Popular Journal - အမေရိကန်တစ်ဝှမ်းရှိ “No Kings” ဆန္ဒပြသူများသည် မြို့အသီးသီးတို့တွင် စုဝေး၍ သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ သန်းနှင့်ချီသော လူအုပ်ကြီးကို ဆွဲဆောင်နိုင်ခဲ့သည့် “No Kings” (ဘုရင်များ မရှိစေရ) ဆန္ဒပြပွဲ၏ တတိယအကြိမ်မြောက် လှုပ်ရှားမှုအဖြစ် အမေရိကန်သမ္မတ ထရမ့် အုပ်ချုပ်ရေးယန္တရားကို ဆန့်ကျင်သည့် ကြီးမားသော ဆန္ဒပြပွဲများ အမေရိကန် မြို့ကြီးများတွင် ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံအတွင်း ဖြစ်ပွားနေသော စစ်ပွဲ၊ ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဓမ္မဖမ်းဆီးမှုများနှင့် မြင့်တက်လာသော လူနေမှုစရိတ်များ အပါအဝင် သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒများကို ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတို့ကို စီစဉ်သူများက ပြောကြားခဲ့သည်။ စီစဉ်သူများက “ထရမ့်ဟာ ကျွန်တော်တို့အပေါ် အာဏာရှင်တစ်ယောက်လို အုပ်စိုးချင်နေတာပါ။ ဒါပေမဲ့ ဒါဟာ အမေရိကန်နိုင်ငံ ဖြစ်ပါတယ်၊ အာဏာဟာ […] The post အမေရိကန်တွင် လူပေါင်း သန်းချီက ထရမ့်ကို ဆန့်ကျင်ဆန္ဒပြကြပြန် appeared first on Popular .
Go to News Site