Popular Journal
Credit to Popular Journal - စက်သုံးဆီဝယ်ယူရာ၌ QR စနစ်အသုံးပြုနေသည့် မြို့ကြီး(၄)မြို့တွင် စနစ်ဟောင်းဖြင့်ရောင်းရာမှ မတ် ၂၇ ရက်မှစတင်၍ Bar Code/QR Code စနစ်သစ်ဖြင့်ရောင်းချခဲ့ရာ စက်သုံးဆီဝယ်ယူသည့် ကားနှင့်ဆိုင်ကယ်စီးရေသိန်းချီလျော့ကျသွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။ မတ် ၂၅ ရက်တွင် ဆိုင်ကယ်/သုံးဘီး (၁၈၉,၉၀၇) စီး၊ ကား(၁၃၈,၁၅၇)စီး စက်သုံးဆီဖြည့်တင်းခဲ့ပြီး မတ် ၂၇ ရက်စနစ်သစ်စတင်ချိန်တွင် ဆိုင်ကယ်/သုံးဘီး (၁၄၉,၆၉၀)စီး၊ ကား(၁၀၅,၃၄၅စီးလျော့ကျသွားခဲ့ကြောင်း သိရသည်။ ထို့ပြင် မတ် ၂၆ ရက်တွင် ဆိုင်ကယ်/သုံးဘီး (၁၈၄,၂၈၄)စီး၊ ကား(၁၁၃,၀၂၈)စီးစက်သုံးဆီဖြည့် တင်းခဲ့ကြကာ မတ် ၂၈ ရက်တွင် ဆိုင်ကယ်/သုံးဘီး (၁၆၅,၃၇၁)စီး၊ ကား(၁၀၇,၉၆၅)စီးသို့လျော့ကျသွားခဲ့ကြောင်း သိရသည်။ ထို့အတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံးစက်ပစ္စည်းများအတွက် သက်ဆိုင်ရာတိုင်း/ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ်ပေးထားသော စက်သုံးဆီအရောင်းဆိုင်များတွင်ထောက်ခံချက်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ စက်သုံးဆီဈေးနှုန်းတိုးမြင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် […] The post စက်သုံးဆီအားစနစ်သစ်ဖြင့်ရောင်းချချိန်တွင် ကားနှင့် ဆိုင်ကယ်စီးရေသိန်းချီလျော့ကျသွာ appeared first on Popular .
Go to News Site