Collector
၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန် တစ်စောင်လျင် ငွေကျပ်(၁)သောင်းဖြင့်ရောင်းချမည် | Collector
၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန် တစ်စောင်လျင် ငွေကျပ်(၁)သောင်းဖြင့်ရောင်းချမည်
Popular Journal

၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန် တစ်စောင်လျင် ငွေကျပ်(၁)သောင်းဖြင့်ရောင်းချမည်

Credit to Popular Journal - ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များရေး ဆွဲထားသည့် ၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန်ကို လာမည့် ဇွန်လမှစတင်၍ တစ်စောင်လျင် ငွေကျပ်(၁) သောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ မြန်မာသက္ကရာဇ် ၁၃၈၈-၁၃၈၉ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၇ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခ ဒိန်ကို ရုံးအမှတ်(၃၅)၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ မူမှန်ပြက္ခဒိန်ကို ဝယ်ယူထုတ်ဝေဖြန့်ချိခြင်းဖြင့် ဝိဝါဒကွဲပြားမှုမရှိသော ပြက္ခဒိန်ကို အများပြည်သူအတွက် ထုတ်ဝေဖြန့်ချိနိုင်မည်ဖြစ်ကာ အနုပညာဦးစီးဌာနအနေဖြင့် မူမှန်ပြက္ခဒိန်ရောင်းချငွေကို နိုင်ငံတော်ရငွေအဖြစ်နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း သိရသည်။ The post ၂၀၂၇ ခုနှစ်အတွက် မူမှန်ပြက္ခဒိန် တစ်စောင်လျင် ငွေကျပ်(၁)သောင်းဖြင့်ရောင်းချမည် appeared first on Popular .

Go to News Site