Popular Journal
Credit to Popular Journal - လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်မာ့မီးရထား (ရုံးချုပ်) မှ အာမခံ အလုပ်သမားဝန်ထမ်းများအား ယမန်နေ့က ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။ လုပ်ငန်းခွင်အရောက် ဆေးကုသမှုပေးခဲ့ခြင်းဖြစ်ပြီး လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit-MMU) နှစ်စီးအသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။ မြန်မာ့မီးရထားရုံးချုပ်(နေပြည်တော်) နှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တို့မှ အရာထမ်း၊ အမှုထမ်း အာမခံအလုပ်သမားဝန်ထမ်းများကို ဆေးကုသမှုပေးခဲ့ခြင်းဖြစ်သည်။ ရွေ့လျားဆေးကုသယာဉ်များဖြင့် ကွင်းဆင်းဆေးကုသပေးရာတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့က ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများအား လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ၊ လွှဲပြောင်းကုသမှုများဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုနောက် နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုနည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များကို အသိပညာပေးပြောကြားခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှု ၃၂၇ ဦး၊ နှလုံးစမ်းသပ်စစ်ဆေးမှု ၁၈၅ ဦး၊ […] The post လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် မြန်မာ့မီရထားအလုပ်သမားဝန်ထမ်းများကို ဆေးကုသမှုပေး appeared first on Popular .
Go to News Site