Popular Journal
Credit to Popular Journal - နယ်မြေဒေသအခြေအနေကြောင့် ယာယီပိတ်သိမ်းခဲ့သည့် ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယမန်နေ့ မေလ(၂၁)ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်ပေးနိုင်မှုကြောင့် ကသာမြို့နယ်၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များ၏ လစာငွေများ ထုတ်ပေးခြင်း၊ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ စုဆောင်းငွေများ လက်ခံခြင်း၊ ထုတ်ပေးခြင်း၊ ဒေသအသီးသီးသို့ ငွေလွှဲပို့ခြင်းနှင့် အခြားသော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်တော့မည်လည်း ဖြစ်သည်။ ကသာခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲအား ကသာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်စွာထွန်း၊ ခရိုင်ရဲတပ်ဖွဲမှူးဒုတိယရဲမှူးကြီး အောင်လှိုင်မြင့်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးကျော်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့် ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးဝင်းနိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ The post ကသာခရိုင်၌ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ပြီ appeared first on Popular .
Go to News Site