Collector
ကျောင်းသားလူငယ်များ ကစားကွင်းများသို့ ပိုမိုရောက်ရှိလာရေးအားကစားကွင်းများ ဖော်ဆောင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း | Collector
ကျောင်းသားလူငယ်များ ကစားကွင်းများသို့ ပိုမိုရောက်ရှိလာရေးအားကစားကွင်းများ ဖော်ဆောင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း
Popular Journal

ကျောင်းသားလူငယ်များ ကစားကွင်းများသို့ ပိုမိုရောက်ရှိလာရေးအားကစားကွင်းများ ဖော်ဆောင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း

Credit to Popular Journal - ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးအေးကျော်က ကျောင်းသားလူငယ်များ အားကစားကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးနှင့် ကစားကွင်းများသို့ ရောက်ရှိလာစေရေးအတွက် အားကစားကွင်းများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး၊ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး၊ ကျောင်းများတွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများနှင့် အခြားကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်းလည်း မှာကြားခဲ့သည်။ ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန် လိုကြောင်း ပြောကြားခဲ့ပြီး ကျောင်းပရဝဏ်အတွင်း ပန်းအလှပင်များနှင့် […] The post ကျောင်းသားလူငယ်များ ကစားကွင်းများသို့ ပိုမိုရောက်ရှိလာရေးအားကစားကွင်းများ ဖော်ဆောင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း appeared first on Popular .

Go to News Site