Khit Thit Media
ရန်ကုန်၊ မေ ၂၂ အာဆီယံကာကွယ်ရေးဦးစီးချုပ်အစည်းအဝေးသို့ မြန်မာစစ်တပ် ဦးစီးချုပ် ရဲဝင်းဦးက အွန်လိုင်းဗီဒီယိုမှတစ်ဆင့် တက်ရောက်ခွင့်ရရှိခဲ့ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံငယ်များကို လွှမ်းမိုးချုပ်ကိုင်နိုင်ရန် အသွင်မျိုးစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့က ကျင်းပပြုလုပ်သည့် ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (23rd ASEAN Chiefs of Defense Forces Meeting – 23rd ACDFM) ကို ဗီဒီယိုကွန်ဖရင့် (Video Conferencing) စနစ်ဖြင့် ကျင်းပရာတွင် စစ်တပ်ဦးစီးချုပ် ရဲဝင်းဦး တက်ရောက်ခွင့်ရရှိခဲ့စဉ် ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ လက်ရှိအချိန် အင်အားကြီးနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် တိုက်ရိုက်ကျူးကျော်ခြင်းထက် အဆို ပါနိုင်ငံကို လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘော […] The post အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များ လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အသွင်မျိုးစုံဖြင့် ချဉ်းကပ်နေဟု အာဆီယံတပ်ချုပ်အစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်းဆောင်သစ် ရဲဝင်းဦး တက်ပြော appeared first on Khit Thit Media .
Go to News Site