Collector
သရက်-မင်းတုန်းလမ်းတွင် စစ်တပ်စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေ၍ လမ်းအသုံးပြုခြင်းမပြုရန် ပိတ်ပင်လိုက်ပြီး လေကြောင်းအန္တရာယ် ဂရုပြုကြရန် သတိပေး | Collector
သရက်-မင်းတုန်းလမ်းတွင် စစ်တပ်စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေ၍ လမ်းအသုံးပြုခြင်းမပြုရန် ပိတ်ပင်လိုက်ပြီး လေကြောင်းအန္တရာယ် ဂရုပြုကြရန် သတိပေး
Khit Thit Media

သရက်-မင်းတုန်းလမ်းတွင် စစ်တပ်စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေ၍ လမ်းအသုံးပြုခြင်းမပြုရန် ပိတ်ပင်လိုက်ပြီး လေကြောင်းအန္တရာယ် ဂရုပြုကြရန် သတိပေး

ရန်ကုန်၊ မေ ၂၂ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ သရက်-မင်းတုန်း လမ်းမကြီးပေါ်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းအား အသုံးပြုသွားလာခြင်းမပြုကြရန်နှင့် လက်နက်ကြီး၊ လေကြောင်းရန်များကို အထူးဂရုစိုက် နေထိုင်ကြရန် သရက်ခရိုင်အမှတ် ၄ တပ်ရင်းက အရေးပေါ် သတိပေးနှိုးဆော်လိုက်သည်။ ဧပြီလလယ်ပိုင်းအတွင်းမှစတင်၍ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မေလ ၁၈ ရက်နေ့တွင်လည်း မင်းတုန်းမြို့အနီးတဝိုက်နှင့် သရက်-မင်းတုန်းလမ်းပိုင်းတို့တွင် အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံတပ်ဖြန့်ကာ နေရာယူခဲ့သည်။ ထို့ပြင် ယနေ့ မေလ ၂၂ ရက်နေ့တွင်လည်း မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့မှ စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့သည့်အပြင် […] The post သရက်-မင်းတုန်းလမ်းတွင် စစ်တပ်စစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်နေ၍ လမ်းအသုံးပြုခြင်းမပြုရန် ပိတ်ပင်လိုက်ပြီး လေကြောင်းအန္တရာယ် ဂရုပြုကြရန် သတိပေး appeared first on Khit Thit Media .

Go to News Site