Khit Thit Media
ရန်ကုန်၊ မေ ၂၂ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စီပိန်းရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၂၁ ရက်နေ့တွင် မော်လူးမြို့နှင့် နမ့်စီးအောင်ရွာ အကြားရှိ စီပိန်းရွာကို KIA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များက အင်းတော်မြို့နှင့် မော်လူးမြို့တို့ကိုလည်း ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ လက်ရှိချိန်ထိလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ […] The post အင်းတော်မြို့နယ်ရှိ စီပိန်းရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ၊ အင်းတော်မြို့နှင့် မော်လူးမြို့ကိုလည်း ဆက်လက် ပိတ်ဆို့ တိုက်ခိုက်နေ appeared first on Khit Thit Media .
Go to News Site