Khit Thit Media
ရန်ကုန်၊ မေ ၂၂ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မှောင်ခိုကူးမှုကို တားဆီးနှိမ်နင်းရန်အတွက် ထိုင်း-မြန်မာနယ်စပ်၊ မဲဟောင်ဆောင်ရှိ ဟွေဖူးအင် (Huai Phueng) နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှုနှင့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ် သွားလာမှုအားလုံးကို ယာယီရပ်ဆိုင်းထားကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာသည်။ ယနေ့ သောကြာနေ့တွင် မဲဟောင်ဆောင်ခရိုင်၊ ဟွေဖာဆုမြို့နယ်၊ ဘန်ဟွေဖူးအင်ကျေးရွာမှ နယ်စပ်ကုန်သည် ၂၀ ကျော်သည် ဟွေဖာဆုမြို့နယ် စီမံခန့်ခွဲရေးရုံး၌ စုဝေးခဲ့ကြပြီး အဆိုပါ ကန့်သတ်ချက်များကို ဆန္ဒပြခဲ့ကြကြောင်း၊ ကုန်သည်များက မြန်မာနိုင်ငံသို့ ကုန်စည်ပို့ဆောင်မှု ရပ်ဆိုင်းထားခြင်းကြောင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပြင်းထန်စွာ ထိခိုက်နေပြီး လစဉ်ပုံမှန် ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေရသဖြင့် မဲဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လုံခြုံရေးအေဂျင်စီများထံ ညှိနှိုင်းပေးရန် တရားဝင် အသနားခံစာ တင်သွင်းခဲ့ကြသည်။ ထိုင်း-မြန်မာ […] The post ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့မှုများကို ထိုင်းအာဏာပိုင်များက ယာယီရပ်ဆိုင်းထား appeared first on Khit Thit Media .
Go to News Site