Popular Journal
Credit to Popular Journal - ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် စက်သုံးဆီတင်သွင်းမှုမြင့်တက်ခဲ့ဟု စီးပွားကူးသန်းဝန်ကြီးပြော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်၏ သက်ရောက်မှုနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။ အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက်တွင် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများအပြားတင်သွင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် […] The post မန္တလေးငလျင်နှင့် ကမ္ဘာ့စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေဖြစ်ပေါ် appeared first on Popular .
Go to News Site