Collector
အောင်မြေသာစံမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ် | Collector
အောင်မြေသာစံမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်
Popular Journal

အောင်မြေသာစံမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ်

Credit to Popular Journal - မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ မေ ၂၄ ရက်ညနေ ၅ နာရီ ၁၂ မိနစ်ခန့်က မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အောင်မြေသာစံမြို့နယ် ၊ ၈၆ လမ်း၊ (၉x၁၀)ကြားတွင် မီးလောင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသတ်ခဲ့ကြပြီးနောက် ညနေ ၅ နာရီ ၁၉ မိနစ်တွင် Level 2 အဆင့်ဖြင့် မီးသတ်ယာဥ်များထပ်မံအားဖြည့်ကာငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ညနေ ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့၍ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။ Photo-Ko Than Htay The post အောင်မြေသာစံမြို့နယ်တွင် Level 2 အဆင့်မီးလောင်မှုဖြစ် appeared first on Popular .

Go to News Site