Popular Journal
Credit to Popular Journal - မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကိုဦးဆောင်မောင်းနှင်မည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာကဏ္ဍအတွက် အချက်အချာကျသော စီးပွားရေးအခွင့်အ လမ်းသစ်များစွာကို ဖန်တီးပေးနိုင်မည့်အလားအလာကောင်းများပိုင်ဆိုင်ထားသည်။ ခေတ်မီဆန်းသစ်သော “Smart City”အသွင်သဏ္ဌာန်ဖြင့်ပေါ်ထွက်လာမည့် ရတနာပုံမြို့သစ်၏ ထူးခြား သော အနာဂတ်စီးပွားရေးအလားအလာ(၅)ခုကိုလည်း စိတ်ဝင်စားဖွယ်တွေ့မြင်နိုင်သည်။မြန်မာနိုင်ငံ၏ နည်းပညာမြို့တော် “Silicon Valley” ဖြစ်လာနိုင်မှု ရတနာပုံမြို့သစ်သည် အိုင်တီ၊ ဆော့ဖ်ဝဲလ်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုများအတွက် အထူးရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ နောင်တွင် ပြည်တွင်း/ပြည်ပမှ နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာနေရာဖြစ်လာပြီး နိုင်ငံ၏အဓိကနည်းပညာဗဟိုချက်မဖြစ်လာရန် ရည်မှန်းထားသည်။အရည်အသွေးမြင့် လူသားအရင်းအမြစ်များစုဝေးရာနေရာ မြို့သစ်အတွင်း၌ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာသုတေသနစင်တာများတည်ရှိ၍ ခေတ်မီကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် ကျွမ်းကျင်လုပ်သားအလွယ်တကူရရှိနိုင်မည့် အားသာချက်တစ်ခု ဖြစ်သည်။ မဟာဗျူဟာကျသော တည်နေရာနှင့် သာယာသောရာသီဥတု ပြင်ဦးလွင်ဒေသ၏ အေးမြသာယာသောရာသီဥတုသည် နိုင်ငံတကာမှ နည်းပညာရှင်များနှင့် ပညာရှင်များကိုလာရောက်အခြေစိုက်နေထိုင်အလုပ်လုပ်ကိုင်ရန်ဆွဲဆောင်လျက်ရှိသည်။ ထို့ပြင် မန္တလေးမြို့နှင့် […] The post မြန်မာ့ “Silicon Valley”ဖြစ်လာမည့် ရတနာပုံမြို့သစ် အနာဂတ်စီးပွားရေးနှင့် နည်းပညာဗဟိုချက်၏ ထူး ခြားသောအလားအလာများ appeared first on Popular .
Go to News Site