Khit Thit Media
ရန်ကုန်၊ ဇွန် ၈ နိုင်ငံတစ်ဝန်း အခြေခံအကျဆုံးသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ် ခန့်အပ်ရန် ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး NLD၊ PDF နှင့် CDM မပတ်သက်သူများဖြစ်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ညွန့်ဝင်းဆွေက လျှို့ဝှက် အမိန့်ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုဇွန်လဆန်းပိုင်းမှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို သက် ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာပြည်သူများ၏ ရွေးချယ်မှုဖြင့် ရွေးကောက်တင်မြှောက်ရန် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေကိုယ်တိုင် ညွှန်ကြားချက်ပေးလာကြောင်း၊ သို့ရာတွင် ပြည်သူ လူထုက ရွေးချယ်တင်မြှောက်မည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် NLD ပါတီနှင့်ပတ်သက်မှုမရှိဘဲ နိုင်ငံရေးကင်းရှင်းရန်၊ PDF များနှင့်ဆွေမျိုးတော်စပ် ပတ်သက်မှု မရှိရန်၊ CDM ဝန်ထမ်းများနှင့်ပတ်သက်သော အသိုင်းအ၀ိုင်းမှ မဖြစ်ရန် ဆိုသော စည်း ကမ်းသတ်မှတ်ချက်ကို […] The post နိုင်ငံတစ်ဝန်း အခြေခံအကျဆုံးသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ရန် ညွှန် ကြားချက်ထုတ်ပြန်ထားသော်လည်း NLD၊ PDF ၊CDM ဝန်ထမ်းများနှင့် မပတ်သက်သူများဖြစ်ရမည်ဟု ပြည်ထဲရေးဝန်ကြီး ညွန့်ဝင်းဆွေက လျှို့ဝှက် အမိန့်ပေး appeared first on Khit Thit Media .
Go to News Site